1. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
2. ပရိသတ်စည်းဝေးရာတဲတော်တွင် သက်သေခံချက်ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ်မီးထွန်းရာဘို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။
3. အာရုန်သည်လည်း၊ ညဦးမှသည်နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
4. စင်ကြယ်သောမီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။
5. သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊
6. ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
7. ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာဖြစ်စေခြင်းငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သောလောဗန်ကို တင်ထားရမည်။