ဝတ်​ပြု 22:29-32-33 Judson Bible (BJB)

29. ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါပူဇော်လော့။ တနေ့ခြင်းတွင်စားရမည်။ နက်ဖြန်နေ့တိုင်အောင်မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။

30. သင်တို့သည် ငါ့ပညတ်တို့ကိုကျင့်စောင့်ရကြမည်။ ငါသည်ထာဝရဘုရားဖြစ်၏။

31. သန့်ရှင်းသောငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။

32-33. ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

ဝတ်​ပြု 22