ဝတ်​ပြု 21:4-11 Judson Bible (BJB)

4. အမျိုးသားချင်းသူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။

5. ယဇ်ပုရောဟိတ်သည် ဆံပင်ကိုမရိတ်ရ။ ပါးမုန်းကိုမရိတ်ရ။ အသား၌ ခုတ်ရှခြင်းကိုမပြုရ။

6. သူသည် မိမိဘုရားသခင်အဘို့သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။

7. သူသည်ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရားသခင်အဘို့ သန့်ရှင်း၏။

8. သင်၏ဘုရားသခင်ပွဲတော်ကိုဆက်သောကြောင့်၊ သူ့ကိုသန့်ရှင်းစေ၍၊ သူသည် သင့်အဘို့သန့်ရှင်းရမည်။ သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရားသန့်ရှင်း၏။

9. ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာရောက်၏။ ထိုသူကိုမီးရှို့ရမည်။

10. မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်းဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကိုမချွတ်ရ။ မိမိအဝတ်ကိုမဆုတ်ရ။

11. အသေကောင်ကိုမချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကိုမခံရ။

ဝတ်​ပြု 21