ဝတ်​ပြု 21:14-22 Judson Bible (BJB)

14. မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။

15. မိမိသားကို၊ အမျိုးသားချင်းတို့တွင်မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟုမိန့်တော်မူ၏။

16. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊

17. သင်၏အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ပွဲတော်ကို ဆက်ကပ်အံ့သောငှါမချဉ်းမကပ်ရ။

18. မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊

19. လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊

20. ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သောသူသည် မချဉ်းမကပ်ရ။

21. ယဇ်ပုရောဟိတ်အာရုန်အမျိုးတွင်၊ ကိုယ်၌အပြစ်ပါသောသူ တစုံတယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာကိုဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ ကိုယ်၌အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏မုန့်တော်ကို ဆက်ကပ်အံ့သောငှါ မချဉ်းမကပ်ရ။ 

22. သန့်ရှင်းသောမုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသောမုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကိုစားရမည်။

ဝတ်​ပြု 21