ဝတ်​ပြု 20:13-16 Judson Bible (BJB)

13. မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ်သောအမှုကိုပြုသောကြောင့်၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

14. ယောက်ျားသည် သမီးနှင့် အမိကိုမယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသောအမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကိုမီးရှို့ရမည်။

15. ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်းသတ်ရမည်။

16. မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

ဝတ်​ပြု 20