ဝတ်​ပြု 19:29-33 Judson Bible (BJB)

29. ကိုယ်သမီးကိုပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသောမေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့်ပြည့်လိမ့်မည်။

30. ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကိုရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

31. ကိုယ်ကိုကိုယ်ညစ်ညူးစေခြင်းငှါ၊ နတ်ဝင်သူကိုမမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

32. ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။

33. သင်၏ပြည်၌တည်းနေသောဧည့်သည်ကို မညှဉ်းဆဲရ။

ဝတ်​ပြု 19