29. ထိုသို့သောရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူမည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းခံရမည်။
30. သို့ဖြစ်၍ သင်တို့ရှေ့၌ပြုဘူးသော ထိုရွံ့ရှာဘွယ်ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ်မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။