24. ထိုသို့သောအမှုအားဖြင့် ကိုယ်ကိုကိုယ်မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့သည်၊ ထိုသို့သောအမှုကိုပြု၍ ညစ်ညူးကြ၏။
25. သူတို့ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသောအပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်။
26. သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကိုအော့အန်သကဲ့သို့ တဖန်ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကိုမအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊
27. သင်တို့တွင်တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို မပြုရ။