ဝတ်​ပြု 18:14-25 Judson Bible (BJB)

14. အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကို မယားကို၎င်း၊

15. သား၏မယားတည်းဟူသော ချွေးမကို၎င်း၊

16. ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏မယားကို၎င်း၊ မချဉ်းရ။

17. ကိုယ်မယား၏ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။

18. ကိုယ်မယားကိုနှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကို မသိမ်းရ။

19. ဥတုရောက်၍ မစင်ကြယ်သောမိန်းမကိုလည်း မချဉ်းရ။

20. ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။

21. သင်၏သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့်ပူဇော်ရ။ သင်၏ ဘုရားသခင်နာမတော်ကို မရှုတ်မချရ။ ငါသည်ထာဝရဘုရားဖြစ်၏။

22. မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်းမပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။

23. ကိုယ့်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဘော်ခြင်းကိုမခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။

24. ထိုသို့သောအမှုအားဖြင့် ကိုယ်ကိုကိုယ်မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့သည်၊ ထိုသို့သောအမှုကိုပြု၍ ညစ်ညူးကြ၏။

25. သူတို့ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသောအပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်။

ဝတ်​ပြု 18