44. ယဇ်ပုရောဟိတ်လည်းအကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည်မှန်လျှင်၊ စားတတ်သောနူနာဖြစ်၏။
45. ထိုအိမ်သည်မစင်ကြယ်သောကြောင့်၊ ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သောအရပ်သို့ယူသွားရမည်။
46. ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည်ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင်မစင်ကြယ်။
47. ထိုအိမ်၌အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကိုလျှော်ရမည်။
48. ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကိုအသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည်စင်ကြယ်၏ဟု စီရင်ရမည်။
49. ထိုအိမ်ကိုစင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကိုယူ၍၊