ဝတ်​ပြု 14:38-45 Judson Bible (BJB)

38. အိမ်တံခါးပြင်သို့ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံးပိတ်ထားရမည်။

39. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊

40. အနာစွဲသော ကျောက်တို့ကိုနှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သောအရပ်၌ ပစ်ထားစေခြင်းငှါ ယဇ်ပုရောဟိတ်စီရင်၍၊

41. ထိုအိမ်ကို အတွင်းပတ်လည်၌ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ်သောအရပ်၌ သွန်ပစ်ရမည်။

42. အရင်ကျောက်အစား၌ အခြားသောကျောက်ကိုယူ၍ထည့်ပြီးလျှင်၊ အသစ်သောအင်္ဂတေနှင့် မွမ်းမံရမည်။

43. ထိုသို့ကျောက်ကိုနှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကိုပြုပြီးမှ၊ တဖန်အနာစွဲပြန်လျှင်၊

44. ယဇ်ပုရောဟိတ်လည်းအကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည်မှန်လျှင်၊ စားတတ်သောနူနာဖြစ်၏။

45. ထိုအိမ်သည်မစင်ကြယ်သောကြောင့်၊ ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သောအရပ်သို့ယူသွားရမည်။

ဝတ်​ပြု 14