ဝတ်​ပြု 14:35-39 Judson Bible (BJB)

35. အိမ်ရှင်သည်ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟုပြောဆိုလျှင်၎င်း၊

36. ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ရောက်မည်ကိုစိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာကိုအကြည့်အရှုမဝင်မှီ၊ ရှိသမျှကိုထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုအိမ်ကိုအကြည့်အရှုဝင်၍၊

37. အနာကိုကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌အနာစွဲဟန်ရှိလျှင်၊ 

38. အိမ်တံခါးပြင်သို့ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံးပိတ်ထားရမည်။

39. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊

ဝတ်​ပြု 14