ဝတ်​ပြု 13:57-59 Judson Bible (BJB)

57. နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကိုမီးရှို့ရမည်။

58. ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက်လျှင်၊ ဒုတိယအကြိမ်ဆေးလျှော်၍ စင်ကြယ်ရ၏။

59. ဤရွေ့ကားစင်ကြယ်သည်၊ မစင်ကြယ်သည်ကိုစီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

ဝတ်​ပြု 13