ဝတ်​ပြု 13:49-55 Judson Bible (BJB)

49. အဝတ်၌စွဲသောအနာသည် ခပ်စိမ်းစိမ်း၊ ခပ်နီနီရှိလျှင်၊ နူနာဖြစ်၏။ ယဇ်ပုရောဟိတ်အားပြရမည်။

50. ယဇ်ပုရောဟိတ်သည် အနာစွဲသောအဝတ်ကိုကြည့်ရှု၍ ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။

51. သတ္တမနေ့၌တဖန်ကြည့်ရှု၍ အဝတ်၌အနာတိုးပွါးလျှင်၊ ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့် လုပ်သောအရာဖြစ်စေ၊ မစင်ကြယ်။ စားတတ်သောနူနာစွဲပြီ။

52. ထိုအဝတ်ကိုမီးရှို့ရမည်။ စားတတ်သော နူနာစွဲသောရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည်။

53. ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌အနာမတိုးပွါးလျှင်၊

54. အနာစွဲသောအရာကို ဆေးလျှော်စေမည်အကြောင်း၊ ယဇ်ပုရောဟိတ်စီရင်၍ တဖန်ခုနစ်ရက်ပတ်လုံး လုံခြုံစွာထားရမည်။

55. ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြန်၍၊ အနာမတိုးပွါးသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။

ဝတ်​ပြု 13