ဝတ်​ပြု 13:39-46 Judson Bible (BJB)

39. ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သောညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။

40. ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်းစင်ကြယ်၏။

41. နဖူးဆံကျွတ်သောသူသည်နဖူးပြောင်သော်လည်း စင်ကြယ်၏။

42. ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သောနူနာဖြစ်၏။

43. ထိုအခါ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ပေါက်သောအနာ၏အဖူး ဖြူနီလျှင်၊-

44. ထိုသူသည်မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။

45. နူနာစွဲသောသူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟုဟစ်ကြော်ရမည်။

46. ထိုအနာစွဲသည်ကာလပတ်လုံး၊ သူသည်ညစ်ညူး၏။ မစင်ကြယ်သည်ဖြစ်၍ တယောက်တည်းနေရမည်။ သူ့နေရာသည် တပ်ပြင်မှာရှိရမည်။

ဝတ်​ပြု 13