25. ယဇ်ပုရောဟိတ်သည်ကြည့်ရှုရမည်။ နူကွက်အမွေးဖြူ၍ အရေအောက်၌ စွဲဟန်ရှိလျှင်၊ မီးလောင်နာထဲကထွက်သော နူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာမှန်၏။
26. ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ၊ နူကွက်၌ဖြူသော အမွေးမရှိ၊ အရေအောက်၌မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက်ပတ်လုံးချုပ်ထားရမည်။
27. သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ နူကွက်သည် အရေ၌တိုးပွားလျှင်၊ ထိုသူသည်မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ နူနာဖြစ်၏။
28. သို့မဟုတ်နူကွက်မရွေ့၊ အရေ၌မတိုးပွား ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာ အဖူးဖြစ်၏။ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။
29. ယောက်ျားမိန်းမသည်လည်း၊ ခေါင်း၌ဖြစ်စေ၊ မေး၌ဖြစ်စေ၊ အနာပေါက်၍၊