37. ကြဲစရာမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။
38. ရေ၌စိမ်ထားပြီးသောမျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌မစင်ကြယ်။
39. သင်တို့စားအပ်သောတိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်။
40. ထိုအသေကောင်ကိုစားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင်မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်မစင်ကြယ်။
41. မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။
42. ခြေမရှိ၊ ဝမ်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့်သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမကများသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန်တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ်ဖြစ်၏။