ဝတ်​ပြု 11:26-31 Judson Bible (BJB)

26. ခွါမကွဲပြားသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့အသေကောင်ကို ထိသမျှသောသူတို့သည် မစင်ကြယ်ကြ။

27. ခွါမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌မစင်ကြယ်ကြ။ သူတို့အသေကောင်ကိုထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

28. သူတို့အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်းမစင်ကြယ်။

29. မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊

30. တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။

31. သူတို့အသေကောင်ကိုထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။

ဝတ်​ပြု 11