12. မောရှေသည်လည်း၊ အာရုန်နှင့် ကြွင်းသောသားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရဘုရားအားမီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာအကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာစားကြလော့။ အလွန်သန့်ရှင်းပေ၏။
13. ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာထဲက သင်နှင့် သင်၏သားတို့ ခံထိုက်သောအဘို့ဖြစ်၍ သန့်ရှင်းရာဌာနတော်၌စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
14. ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ်သောအရပ်၌စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိဿဟာယယဇ်ထဲက၊ သင်နှင့် သင်၏သားတို့သည် ခံထိုက်သောအဘို့ဖြစ်သတည်း။