10. မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားသမျှသောပညတ်တို့ကို ဣသရေလအမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာတဲတော်သို့ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ်မျိုးကိုမသောက်နှင့်။
11. သင်တို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
12. မောရှေသည်လည်း၊ အာရုန်နှင့် ကြွင်းသောသားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရဘုရားအားမီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာအကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာစားကြလော့။ အလွန်သန့်ရှင်းပေ၏။
13. ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာထဲက သင်နှင့် သင်၏သားတို့ ခံထိုက်သောအဘို့ဖြစ်၍ သန့်ရှင်းရာဌာနတော်၌စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
14. ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ်သောအရပ်၌စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိဿဟာယယဇ်ထဲက၊ သင်နှင့် သင်၏သားတို့သည် ခံထိုက်သောအဘို့ဖြစ်သတည်း။