ဝတ်​ပြု 1:3-7 Judson Bible (BJB)

3. နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားမှာ ဆက်ရမည်။

4. ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။

5. ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။

6. ပူဇော်သောသူသည် ထိုအကောင်၏ အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။

7. အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာမီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊

ဝတ်​ပြု 1