14. ထိုသို့လျှောက်သည်အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါလူများတို့ကို တစုလျှင် ငါးဆယ်စီအစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။
15. တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊
16. ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အားပေးတော်မူ၏။
17. လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ တဆယ်နှစ်တောင်း အပြည့်ရကြ၏။
18. တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊