လုကာ 7:33-38 Judson Bible (BJB)

33. အကြောင်းမူကား၊ ဗတ္တိဇံဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ဘဲ လာသည်ရှိသော် သင်တို့က၊ ဤသူသည် နတ်ဆိုးစွဲသော သူပါတကားဟု ဆိုကြ၏။

34. လူသားသည် စားသောက်လျက်လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ၏။

35. သို့သော်လည်း ပညာတရားသည် မိမိသားရှိသမျှတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်လွတ်၏ဟု မိန့်တော်မူ၏။

36. ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲ၏ အိမ်သို့ကြွ၍ စားပွဲ၌လျောင်းတော်မူ၏။

37. ထိုသို့စားပွဲ၌လျောင်းတော်မူသည်ကိုထိုမြို့၌ဆိုးသောမိန်းမတယောက်သည် သိလျှင်၊ ဆီမွှေး ကျောက်ဖြူ ခွင်တလုံးကို ယူခဲ့၍၊

38. နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကြလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။

လုကာ 7