လုကာ 2:17-21 Judson Bible (BJB)

17. တွေ့မြင်ပြီးမှ မိမိတို့ကြားသောထိုသူငယ်၏ အကြောင်းစကားကို အနှံ့အပြားပြောကြ၏။

18. သိုးထိန်းတို့ပြောသောစကားကိုကြားသော သူရှိသမျှုတို့သည် အံ့ဩခြင်းရှိကြ၏။

19. မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။

20. သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသောအကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။

21. ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သောယေရှုအမည်ဖြင့် မှည့်ကြ၏။

လုကာ 2