လုကာ 18:34-39 Judson Bible (BJB)

34. ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည်နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။

35. ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။

36. ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။

37. နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊

38. ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။

39. ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။

လုကာ 18