29. အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏ စကားကို နားထောင်ကြစေဟုဆို၏။
30. သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တယောက်သောသူသည် ထမြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟုဆိုသော်၊
31. အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက်သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။