လုကာ 14:15-19 Judson Bible (BJB)

15. စားပွဲ၌ လျောင်းသော သူတယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊

16. ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဘိတ်လေ၏။

17. ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါးကို စေလွှတ်၏။

18. ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်းပရိယာယ်ပြုကြ၏။ တယောက်က၊ အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။

19. တယောက်က အကျွန်ုပ်သည် နွားငါးယဉ်ကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦး လော့ဟု တောင်းပန်လေ၏။

လုကာ 14