လုကာ 14:1-4 Judson Bible (BJB)

1. တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲ တ ယောက် ၏အိမ်သို့ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။

2. ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။

3. ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊

4. သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက်တော်မူ၏။

လုကာ 14