လုကာ 11:44-48 Judson Bible (BJB)

44. သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သခင်္ျိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သခင်္ျိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။

45. ကျမ်းတတ်တယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ၏ဟု လျှောက်သော်၊

46. ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသော ဝန်ကိုသူတပါးအပေါ်မှာ တင်တတ်၏။

47. ကိုယ်လက်ဖျားနှင့်မျှမတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏ သခင်္ျိုင်းများကိုတည်လုပ်၍၊ သင်တို့၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။

48. အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကိုလက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သခင်္ျိုင်းတို့ကို တည်လုပ်ကြ၏။

လုကာ 11