8. ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
9. ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးထံချသဖြင့်၊ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်၍ နံ့သာပေါင်းကိုမီးရှို့၏။
10. ထိုသို့နံ့သာပေါင်းကို မီးရှို့သည့်အချိန်တွင်၊ လူအများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက် နေကြ ၏။