ရှောလမုန်သီချင်း။ 1:11-15 Judson Bible (BJB)

11. ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ်သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။

12. အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေစဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။

13. ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။

14. ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ်သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။

15. ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။

ရှောလမုန်သီချင်း။ 1