41. အချို့ကလည်း၊ ဤသူသည်ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သားဖြစ်ရသလော။
42. ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ်လောဟု ဆိုကြ၏။
43. ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလိုရှိကြ၏။
44. သို့သော်လည်း အဘယ်သူမျှမဘမ်းမဆီးကြ။
45. ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး၊ ဖာရိရှဲထံသို့ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊
46. မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါဟု လျှောက်ကြ၏။
47. ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။
48. မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစုံတယောက်မျှရှိသလော။
49. တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟုဆိုကြ၏။