ရှင်ယောဟန် 4:7-10 Judson Bible (BJB)

7. ရှမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။

8. အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည်အခိုက် ဖြစ်သတည်း။

9. ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့်ပေါင်းဘော်ခြင်းမရှိ။

10. ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသောသူကား အဘယ်သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊

ရှင်ယောဟန် 4