11. သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုတည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏။
12. ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊
13. မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။
14. ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြလော့။
15. လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ်၏။
16. ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
17. လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။
18. ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။
19. ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။
20. လူအတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏။
21. လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊