ရှင်မာကု 12:2-10 Judson Bible (BJB)

2. ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။

3. ထိုသူသည် ငယ်သားကိုဘမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။

4. နောက်တဖန်အခြားသော ငယ်သားကိုသူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အယှက်ခွဲပြီးမှ လွှတ်ချလိုက်ကြ၏။

5. အခြားသောသူငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့ကိုရိုက်ကြ၏။ အချို့တို့ကိုသတ်ကြ၏။

6. ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။

7. ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊

8. ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှသတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။

9. သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။

10. တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက်ထောင့် အထွဋ်အဖျား သို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။

ရှင်မာကု 12