ရှင်မာကု 11:7-10 Judson Bible (BJB)

7. ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။

8. လူအများတို့သည် မိမိတို့အဝတ်ကိုလမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခတ်များကို ခုတ်၍ လမ်း၌ ခင်းကြ၏။

9. ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။

10. ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။

ရှင်မာကု 11