ရှင်မာကု 1:2-5 Judson Bible (BJB)

2. အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။

3. တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့်အညီ၊

4. ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဘို့အလိုငှါ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက်ပေါ်ထွန်း၏။

5. ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သားပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိ တို့ အပြစ်များကိုဘော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။

ရှင်မာကု 1