14. မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
15. သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည် သားယောက်ျားကိုဘွားမြင်ပြီဟု ပြောဆိုကြ၏။
16. နောမိသည်ထိုသူငယ်ကိုယူ၍ ပိုက်ချီလျက်ထိန်းလေ၏။
17. အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့်မှည့်ကြ၏။ ဩဗက်သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
18. ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
19. ဟေဇရုံသားအာရံ၊ အာရံသားအမိနဒပ်၊
20. အမိနဒပ်သားနာရှုန်၊ နာရှုန်သားစာလမုန်၊
21. စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
22. ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။ရုသဝတ္တုပြီး၏။