8. သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည်ခြေရင်း၌ရှိသည်ကိုသိလျက်၊
9. သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည် ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည် ရွေးပိုင်သောအမျိုးသားချင်းဖြစ်သောကြောင့်၊ ကိုယ်တော်၏ကျွန်မကို အဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊
10. သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည် ငွေရတတ်သောလူပျို၊ ဆင်းရဲသော လူပျိုတစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူးသာ၍ကြီး၏။
11. မစိုးရိမ်နှင့် ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသောတမြို့လုံးသိ၏။
12. ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး၏။