ယေ​ရ​မိ 9:17-20 Judson Bible (BJB)

17. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆင်ခြင်ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ်၍ လာကြစေ။ လိမ္မာသောမိန်းမတို့ ရှိရာသို့ စေလွှတ်၍ လာကြစေ။

18. ငါတို့သည် မျက်ရည်ကျ၍၊ မျက်ခမ်းထဲက တွေတွေစီးထွက်စေခြင်းငှါ၊ ထိုမိန်းမတို့သည် အလျင်အမြန်ပြု၍၊ ငါတို့အတွက် ငိုကြွေးခြင်းကို ပြုကြစေ။

19. နားထောင်ကြ။ ဇိအုန်မြို့၌ ကြားရသော ငိုကြွေးသံဟူမူကား၊ ငါတို့သည် အဘယ်မျှလောက် လုယူ ဖျက်ဆီးခြင်းကိုခံရသည်တကား။ သူတပါးတို့သည် ငါတို့ နေရာများကို ဖြိုချသောကြောင့်၊ ငါတို့သည် ကိုယ်ပြည်ကို စွန့်၍ အလွန်မိန်းမောတွေဝေကြသည်တကား။

20. အိုမိန်းမတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်၍၊ နှုတ်တော်ထွက်ကို နာယူကြလော့။ သင်တို့၏ သမီးတို့အား ငိုကြွေးခြင်းကို၎င်း၊ အသီးအသီး အပေါင်းအဘော်တို့အား မြည်တမ်းခြင်းကို၎င်း သွန်သင် ကြလော့။

ယေ​ရ​မိ 9