ယေ​ရ​မိ 8:2-11 Judson Bible (BJB)

2. ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။

3. ငါနှင်လိုက်ရာအရပ်ရပ်၌ ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

4. တဖန် သင်သည် သူတို့အား ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ လဲသောသူသည် နောက်တဖန် မထရသလော။ လွဲသွားသောသူသည် နောက်တဖန် ပြန်၍ မလာရသလော။

5. ဤလူမျိုးတည်းဟူသော ယေရုရှလင်မြို့သားတို့သည် ထာဝရဖောက်ပြန်ခြင်းအားဖြင့် အဘယ်ကြောင့် ဖောက်ပြန်ကြသနည်း။ မုသာကို စွဲလမ်းကြ၏။ ငါတို့သည် ပြန်၍မလာဟု ခိုင်မာစွာ ဆိုကြ၏။

6. ငါ စေ့စေ့နားထောင်သောအခါ၊ သူတို့သည် ဖြောင့်မတ်စွာ မပြောကြ။ ငါသည် အဘယ်သို့ ပြုမိ သနည်းဟု ကိုယ်အပြစ်ကို မြင်၍ အဘယ်သူမျှ နောင်တမရ။ စစ်တိုက်ခြင်းငှာ မြင်းပြေးသကဲ့သို့၊ ထိုသူအပေါင်းတို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေးတတ်ကြ၏။

7. မိုဃ်းကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမူကား၊ ထာဝရဘုရားစီရင်တော်မူခြင်းကို နားမလည်တတ်။

8. ငါတို့သည် ပညာရှိဖြစ်၏။ ထာဝရဘုရား၏ တရားသည် ငါတို့၌ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆိုရလိမ့်မည်နည်း။ အကယ်စင်စစ် စာရေးတို့၏ မုသာမှင်တံသည် မုသာတရားကို လုပ်လေပြီ။

9. ပညာရှိတို့သည် အရှက်ကွဲကြ၏။ ထိတ်လန့်၍ ကျော့ကွင်းထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။

10. ထိုအကြောင်းကြောင့်၊ သူတို့မယားများကို သူတပါးတို့၌ ငါအပ်မည်။ သူတို့လယ်ယာများကို သူတပါးတို့အား အပိုင်ပေးမည်။ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသောစီးပွားကို ရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။

11. ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။

ယေ​ရ​မိ 8