ယေ​ရ​မိ 6:24-30 Judson Bible (BJB)

24. ထိုသိတင်းကို ငါတို့သည် ကြား၍ လက်အား လျော့ကြ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎င်းခံရကြ၏။

25. တောသို့မထွက်ကြနှင့်။ လမ်းမှာမသွားကြနှင့်။ ရန်သူ၌ ထားပါ၏။ အရပ်ရပ်၌ဘေးရှိ၏။

26. အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တယောက်တည်း သော သားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ ကို ချက်ခြင်းတိုက်လိမ့်မည်။

27. သင်သည် ငါ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ်၍ သိမည်အကြောင်း၊ စစ်သောသူအရာ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။

28. ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏။

29. ဖိုကိုမီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သော သူသည် မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ် မပယ်နိုင်။

30. ထိုသူတို့ကိုပယ်သော ငွေဟူ၍ ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။

ယေ​ရ​မိ 6