ယေ​ရ​မိ 51:58-64 Judson Bible (BJB)

58. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ်ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။

59. ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတံ့သော၊ ဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကို ရည်မှတ်၍ ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည် ရေးကူး၍၊

60. ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သောနေရိ၏ သားအတွင်း ဝန်စရာယကိုမှာထားသော စကားဟူမူကား၊

61. သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ ဘတ်ရမည်။

62. ထိုအခါသင်က၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည်အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။

63. ဤစာကို အကုန်အစင်ဘတ်ပြီးလျှင်၊ စာပေါ်မှာ ကျောက်ကို ချည်ထား၍၊ ဥဖရတ်မြစ်အလယ်မှာ ချပစ်လျက်၊

64. ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထမြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြလိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။

ယေ​ရ​မိ 51