ယေ​ရ​မိ 51:57-62 Judson Bible (BJB)

57. ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်း အရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော်ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။

58. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ်ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။

59. ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတံ့သော၊ ဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကို ရည်မှတ်၍ ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည် ရေးကူး၍၊

60. ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သောနေရိ၏ သားအတွင်း ဝန်စရာယကိုမှာထားသော စကားဟူမူကား၊

61. သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ ဘတ်ရမည်။

62. ထိုအခါသင်က၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည်အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။

ယေ​ရ​မိ 51