ယေ​ရ​မိ 48:21-30 Judson Bible (BJB)

21. လွင်ပြင်နှင့်တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊

22. ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊

23. ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊

24. ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရကြ၏။

25. မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။

26. မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွားသောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိ အန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကို ခံရ၏။

27. သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား။

28. မောဘပြည်၌နေသောသူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက်လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့။

29. မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊

30. သူ၏ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့်၊ မိမိအလိုမပြည့်စုံရာဟု ထာဝရဘုရား မိန့်တော်မူ၏။

ယေ​ရ​မိ 48