9. ယုဒပြည်၌၎င်း၊ ယေရုရှလင်လမ်းတို့၌၎င်း၊ သင်တို့ဘိုးဘေးများပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသော ဒုစရိုက်၊ သင်တို့ကိုယ်တိုင်ပြုသော ဒုစရိုက်၊ သင်တို့မယားများပြုသော ဒုစရိုက်တို့ကို မေ့လျော့ကြပြီလော့။
10. ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသော စိတ်မရှိ၊ ကြောက်ရွံ့သောစိတ်မရှိ၊ ငါ၏တရားလမ်းသို့မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။
11. သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကိုအပြစ်ပြု၍ ယုဒအမျိုးသား အပေါင်းတို့ကို ပယ်ဖြတ်ခြင်းငှါ ငါသည် မျက်နှာထားမည်။
12. အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာပြုသော ယုဒအမျိုးသားအကျန်အကြွင်းတို့ကို ငါသည် ယူ၍၊ သူတို့သည်ထိုပြည်၌ သေကြေပျက်စီးကြလိမ့်မည်။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် သေကြေပျက်စီးခြင်းသို့၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာ ဖြစ်ကြလိမ့်မည်။
13. ယေရုရှလင်မြို့သားတို့ကို ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည်နည်းတူ၊ အဲဂုတ္တုပြည်၌နေသော သူတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊