ယေ​ရ​မိ 42:8-16 Judson Bible (BJB)

8. ယေရမိသည် ကာရာသား ယောဟနနိမှစ၍၊ သူ၌ပါသမျှ​သောတပ်မှူးတို့နှင့် လူအကြီးအငယ်အ​ပေါင်းတို့ကို ခေါ်၍၊-

9. သင်တို့သည် ပါု့ကိုစေလွှတ်၍ အသနား​တော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာ၀ရဘုရား မိန့်​တော်မူသည်ကား၊-

10. အကယ်စင်စစ် သင်တို့သည် ဤြပည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်​ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေသော​ဘေဒဏ်ကြောင့် နောင်တရ၏။

11. သင်တို့​ကြောက်တတ်သောဗာဗုလုန် ရှင်ဘုရင်ကို မ​ကြောက်ကြနှင့်။ ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မ​ကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူြခင်းငှာ သင်တို့ဘက်၌ ရှိ၏။

12. သင်တို့ကို ငါကယ်မသနားသောအားြဖင့့်၊ ထိုရှင်ဘုရင်သည် သင်တို့ကို သနား၍၊ နေရင်းြပည်သို့ ြပန်​စေရလိမ့်မည်။

13. သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤြပည်၌မနေ၊ ငါတို့ ဘုရားသခင် ထာ၀ရဘုရား၏အမိန့်တော်ကို နားမ​ထောင်ဘဲ၊-

14. စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုြပည်သို့ သွား၍နေမည် ဟု ဆိုလျှင်၊-

15. ကျန်ကြွင်း​သောယုဒအမျိုးသားတို့၊ ထာ၀ရဘုရား၏အမိန့်တော်ကို ကြားကြ​လော့။ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုြပည်သို့ သွားြခင်းငှါ ကျပ်ကျပ်မျက်နှာပြုလျက်၊ ထိုြပည်သို့အမှန်သွား၍ တည်းခိုလျှင်၊-

16. သင်တို့ကြောက်​သေထား​ဘေသည် အဲဂုတ္တုြပည်၌ သင်တို့ကိုမှီလိမ့်မည်။ သင်တို့ကြောက်​သောမွတ်သိပ်ြခင်း ဘေးသည်လည်း၊ အဲဂုတ္တုြပည်၌ သင်တို့ကိုကျပ်ကျပ်လိုက်၍၊ ထိုြပည်၌သင်တို့သည်သေကြလိမ့်မည်။

ယေ​ရ​မိ 42