7. ထိုနောက် ဆယ်ရက် ကြာသောအခါ၊ ထာ၀ရဘုရား၏ နှုတ်ကပတ်ေတာ်သည် ယေရမိသို့ ရောက်လျှင်၊-
8. ယေရမိသည် ကာရာသား ယောဟနနိမှစ၍၊ သူ၌ပါသမျှသောတပ်မှူးတို့နှင့် လူအကြီးအငယ်အပေါင်းတို့ကို ခေါ်၍၊-
9. သင်တို့သည် ပါု့ကိုစေလွှတ်၍ အသနားတော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာ၀ရဘုရား မိန့်တော်မူသည်ကား၊-
10. အကယ်စင်စစ် သင်တို့သည် ဤြပည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကို မနှုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ ရောက်စေသောဘေဒဏ်ကြောင့် နောင်တရ၏။
11. သင်တို့ကြောက်တတ်သောဗာဗုလုန် ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကို ကယ်တင်၍၊ ထိုမင်းလက်မှ နှုတ်ယူြခင်းငှာ သင်တို့ဘက်၌ ရှိ၏။