ယေ​ရ​မိ 41:1-4 Judson Bible (BJB)

1. သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သောမင်းသား ဧလိရှမာ သားနာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ထိုမြို့၌တစုတည်းစားသောက်ကြ၏။

2. ထိုအခါနာသနိသား ဣရှမေလနှင့် ထိုလူတကျိပ်တို့သည် ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကိုထားနှင့်ခုတ်၍ သတ်ကြ၏။

3. ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိ ထံ၌ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။

4. ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊

ယေ​ရ​မိ 41