26. ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။
27. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည်။
28. ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော်မူ၏။